Events

“အုန်းသီးတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်း” ဒုတိယနေ့အစီအစဉ် ဆက်လက်ကျင်းပခြင်း။

Updated At: 2023-10-03 16:34:09

DSC_5846

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ၂၀၂၃ ခုနှစ်၊ မေလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း၏ လုပ်ငန်းအစီအစဉ်အရ အုန်းသီးတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်း၏ ဒုတိယနေ့သင်တန်း အစီအစဉ်များကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ သင်တန်းခန်းမတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် ဆက်လက်ကျင်းပခဲ့ပါသည်။

          သင်တန်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြအဖြစ် ဆောင်ရွက်သော လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးဝေက အုန်းသီးရေခဲမုန့်ပြုလုပ်ခြင်းအတွက် ပါဝင်သည့်ပစ္စည်းများနှင့် ပြုလုပ်နည်းတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားခဲ့ပါသည်။ ဆက်လက်၍ အုန်းစိမ်းဂျယ်လီ၊ အုန်းသီးအချိုရည် ပြုလုပ်ခြင်းနှင့် အုန်းဆီနှင့် အုန်းနို့မှုန့် ပြုလုပ်ခြင်းတို့ကို လက်တွေ့သရုပ်ပြသင်ကြားခဲ့ပါသည်။

          သင်တန်းတွင် သင်တန်းသားစုစုပေါင်း (၃၄) ဦးတက်ရောက်ခဲ့ပြီး သင်တန်းအစီအစဉ်ကို ညနေ (၅: ၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။